Tuesday, January 17, 2012

Kyaw Ko Ko Interview on Eleven Media page

'ဝေဖန်သုံးသပ်တာတွေက ဟိုဘက် ဒီဘက် ရှိမှာပဲ' 
ကိုကျော်ကိုကို(ဗကသ-ဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း 
Tuesday, 17 January 2012 16:23


kkk

 http://news-eleven.com/index.php?option=com_content&view=article&id=11936:2012-01-17-09-55-08&catid=42:2009-11-10-07-36-59&Itemid=112

 အသက် ၂၆နှစ် အရွယ်၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ပညာသင်ယူနေဆဲကာလ ၂၀၀၇ခုနှစ်အချိန်တွင် ခံယူချက်တူ လူငယ်များကို စုစည်းခဲ့ပြီး ဗကသ(ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ)ကို ဖွဲ့စည်း တည်ထောင်ခဲ့များအနက် တစ်ဦးဖြစ်ခဲ့သူ၊ ၂၀၀၇ခု စက်တင်ဘာလှုပ်ရှားမှု (ရွှေဝါရောင်တော်လှန်ရေးကာလ) ၌ ပါဝင်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ထိမ်းသိန်းခံရကာ ထောင်ဒဏ် ရှစ်နှစ်ကျခံခဲ့ရသူ၊ ပြည်ပအခြေစိုက် မီဒီယာများက ဗကသဥက္ကဋ္ဌဟု အမည်ရင်းနှင့် တွဲလျက် ရေးသားခံခဲ့ရသူ၊ ဇန်န၀ါရီလ ၁၃ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ကြီးထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ၊ လူငယ်ကျောင်းသားမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို ပြန်လည်တင်ပြအပ်ပါသည်။


Wednesday, January 7, 2009

kyaw ko ko in prison hospital

ကျောင်းသား ခေါင်းဆောင်တဦး ထောင်ဆေးရုံရောက်
the irrawaddy news
Tuesday, 06 January 2009 19:51 ကိုစိုး

စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသော ဗကသ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုကျော်ကိုကို သည် အင်းစိန် ထောင်တွင်း၌ ကျန်းမာရေး ဆိုးဝါးနေသည့် အတွက် ထောင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ဖခင်ဖြစ်သူက ပြောသည်။

၂၀၀၈ ခုနှစ် မတ်လ အတွင်းက ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၇ နှစ်သည် အသည်းရောင် အသားဝါ ဝေဒနာ ခံစားနေရ သောကြောင့် လွန်ခဲ့သည့် စနေနေ့က ထောင်ဆေးရုံသို့ တက်ရောက် ကုသခံနေရခြင်း ဖြစ်သည်ဟု ၎င်း၏ ဖခင် ဦးကျော်အေးက ပြောပြသည်။

“မနေ့က ထောင်ဝင်စာ သွားတွေ့တော့ အသည်းရောင် အသားဝါ ဖြစ်လို့ ထောင်ဆေးရုံ တက်နေရတယ်တဲ့၊ ထောင်ဝန်ထမ်းက ပြောတယ်၊ သူ့ကို သောကြာနေ့က ရုံးထုတ်တယ်၊ ရုံးထုတ်တာ နောက်ကျတယ်၊ အပြန်ကျတော့ အန်တယ်တဲ့၊ ဆေးမှူးလည်း မရှိ၊ ဆရာဝန်လည်း မရှိတော့ဘူး၊ စနေနေ့ကျတော့ ထပ်ပြီးအန်တော့ ဆရာဝန် ခေါ်ပေးတယ်တဲ့၊ ဆရာဝန်က ဆေးရုံ တက်ခိုင်းတာ”ဟု ဦကျော်အေးက ပြောသည်။

ယင်း ကိုကျော်ကိုကိုသည် စီးပွားရေး တက္ကသိုလ် မဟာတန်း ကျောင်းသား တဦးဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှား ခဲ့ပြီးနောက် အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုမှ တိမ်းရှောင်နေရရာ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ က ဖမ်းဆီးခံခဲ့ရပြီး ၎င်းအား ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ နှင့် တရားစွဲဆို ရုံးထုတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“သူက မတ်လ ၁၅ ရက်နေ့ ပြန်လာတယ်၊ ၁၆ ရက်နေ့မှာ အဖမ်းခံရတာ၊ သူ့ဆီမှာ ဘာမှ ပါမလာဘူး၊ ဟန်းဖုန်း တလုံးပဲ ပါလာတယ်၊ သူဘယ်သွားလဲ ဆိုတာတော့ မသိဘူး၊ ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုမှာတော့ ပါခဲ့တယ်” ဟု ဦးကျော်အေးက ဆိုသည်။

လွန်ခဲ့သည့် လအတွင်းကလည်း နိုင်ငံရေး အကျဉ်းသား ကိုဌေးလွင်ဦးနှင့် ကိုမောင်စန်း ဆိုသူ ၂ ဦးတို့သည် အကျဉ်းထောင်တွင်း ကျန်းမာရေး ဆိုးဝါးနေကြရာ ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့်အတွက် သေဆုံးမှု ဖြစ်ခဲ့ဖူးသည်။

မကြာသေးသော နှစ်များအတွင်း နိုင်ငံရေး အကျဉ်းသား ၁၃၈ ဦးခန့် အကျဉ်းထောင်များ အတွင်း သေဆုံးခဲ့ကြောင်းနှင့် လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် အကျဉ်းကျခံ နေရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Wednesday, July 2, 2008


Tuesday, April 22, 2008

kyaw ko ko was torture

ဗကသခေါင်းဆောင်များအား ရာဇဝတ်သားသဖွယ် ရုံးထုတ်
၁၉-ဝ၄-၂ဝဝ၈ ရီမေအောင် DVB

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို အာဏာပိုင်တွေက စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခဲ့ပြီး တရားရုံးထုတ်တော့လည်း ရာဇဝတ်သားလို ပြုမူဆက်ဆံတယ်လို့ ဖခင် ဦးကျော်အေးက ပြောပြပါတယ်။ အခုလ ၈ ရက်မှာ ကိုကျော်ကိုကိုနဲ့ အင်းစိန်ထောင်မှာ ပထမဆုံး ထောင်ဝင်စာသွားတွေ့ခဲ့ပြီး ၉ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်သွားရောက်တွေ့စဉ် ကိုကျော်ကိုကိုကို နှိပ်စက်ခဲ့တဲ့ အကြောင်းကို သိလိုက်ရတယ်လို့ ဦးကျော်အေးက ပြောပါတယ်။
“၃ရက်နေ့မှာစထုတ်တာ။ ကျနော်တို့က ၈ ရက်နေ့မှာ ထောင်ဝင်စာ သွားတွေ့တယ်။ ၉ ရက် နေ့မှာ ရုံးချိန်းထပ်ချိန်းတယ်။ ၂ ချိန်း ရှိသွားပြီ။ ၂ချိန်းမှာ ဘာမှတော့ မစစ်ဘူး။ ရကတ်ချိန်းထပ်ယူ လိုက်တာပဲ။ ကျနော်တို့က ဝင်လို့ မရဘူး။ ရဲက ညစ်နေရော။”

အချုပ်သားတွေထားတဲ့ အခန်းလေးကို အဝကနေပိတ်ထားတဲ့တွက် ဝင်လို့မရဘူးလို့ ဦးကျော်အေးက ပြောပါတယ်။
“အဝကနေ ပိတ်ထားတော့ ကျနော်တို့က ဝင်လို့မရဘူး။ သူတို့က အထဲမှာပဲ။ ကိုပိုးဖြူကျ တော့ ရှေ့နေဆိုတော့ ဝင်ခွင့် ရတာပေါ့။ ကိုဖိုးဖြူကို ထည့်လိုက်တော့ ကိုဖိုးဖြူက အကြာကြီးစကား ပြောရတယ်။ သူက ဒူးကြီးတော့ စုတ်သွားတယ်။ လမ်း သိပ်တော့ မလျှောက်နိုင်ဘူးပေါ့။ သူ့ကိုနှိပ်စက် တယ်လို့ ပြောတယ်။ ကိုဖိုးဖြူနဲ့သူနဲ့စကားပြောတာ ကျနော်ကြားလိုက်တယ်။ ရုံးထုတ်မှာပြောတာ။”

ရုံးထုတ်တဲ့အခါမှာလည်း ကိုကျော်ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ကို ရာဇဝတ်သားတွေနဲ့ အတူတွဲပြီး သံကြိုးခတ် ချည်ထားပုံနဲ့ တာဝန်ကျရဲဝန်တွေက ကိုကျော်ကိုကို ရာဇဝတ်သားတွေလို ဆက်ဆံတဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဦးကျော်အေးက ပြောပါတယ်။ ကိုကျော်ကိုကိုရဲ့အမှုကို လူငယ်ရှေ့နေ ကိုဖိုးဖြူက လိုက်ပါဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ကိုကျော်ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ဟာ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မှာ၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်တွေ အဖြစ် ဦးဆောင်ခဲ့ကြပါတယ်။ ကိုကျော်ကိုကိုဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒ မဟာတန်း ကျောင်းသားဖြစ်ပါတယ်။
မတ် ၁၇ ရက်မှာ သူတို့နှစ်ဦးကို အာဏာပိုင်တွေ ဖမ်းဆီးပြီး အခု ဧပြီ ၃ ရက်မှာ သူတို့ကို စစ်ကြောရေးစခန်းကနေ မရမ်းကုန်းတရားရုံးကို တိုက်ရိုက် ရုံးတင်တရားစွဲပါတယ်။ ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂(က-ခ)နဲ့ အာဏာပိုင်တွေက စတင်တရားစွဲပြီးနောက် အခုလ ၉ ရက်မှာ သူတို့ကို ဒုတိယအကြိမ် တရားရုံးထုတ်တာ ဖြစ်ပါတယ်။
အခုလောလောဆယ်တော့ အမှုမစစ်သေးဘဲ လာမယ့်အင်္ဂါနေ့ဧပြီ ၂၂ ရက်ကို ထပ်မံ ရုံးချိန်း ယူထားပါတယ်။ သူတို့ကို အင်းစိန်ထောင်မကြီး အဆောင် ၁၊ အခန်း ၈ မှာ ရာဇဝတ်အကျဉ်းသားတွေနဲ့ အတူ ချုပ်နှောင်ထားတယ်လို့လည်း သိရပါတယ်။

Sunday, March 23, 2008

RFA news on Kyaw Ko Ko


ဗကသခေါင်းဆောင် ကိုကျော်ကိုကိုရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဗကသ နိုင်ငံခြားရေးရာကော်မတီရဲ့ ကြေညာချက်
RFA 2008.03.23

အာဏာပိုင်တွေက ဖမ်းဆီးထားတာခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) လူငယ်မျိုးဆက်သစ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ကိုကိုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဗကသ နိုင်ငံခြားရေးရာ ကော်မတီက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ တခြားကျောင်းသား ခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးသွားချိန်ကစပြီး ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မိသားစုက မသိရတဲ့ အတွက်ကြောင့်ရော၊ ဖမ်းဆီးချိန် အစာအိမ်ရောဂါဖြစ်နေပြီး အာဏာပိုင်တွေရဲ့ လုပ်ရိုးလုပ်စဉ် လူမဆန်စွာ စစ်ဆေးမှုတွေကြောင့် အထူးစိုးရိမ်မကင်းဖြစ်ပြီး အခုလို သတင်းထုတ်ပြန်ရတာလို့ ဗကသ နိုင်ငံခြားရေးရာ ကော်မတီက ကိုမင်းနိုင်က အာအက်အေကို ပြောပြပါတယ်။

ကိုမင်းနိုင်။ ။ ကိုကျော်ကိုကို ကိုဖမ်းသွားတဲ့အခါ ကျနော်တို့ သိရတာ တခုရှိတယ်၊ သူ့ကိုဖမ်းသွားတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းဖမ်းသွားတယ်၊ နောက်တချက်က သူအဖမ်းမခံရခင်မှာ အစာအိမ်ရောဂါ ခံစားနေတယ်လို့ သိရတယ်။ ကျန်းမာရေးမကောင်းတဲ့သူ တယောက်ကို ဖမ်းဆီးသွားတာဟာ တခုခုဖြစ်မယ်ဆိုရင် ဖမ်းဆီးသွားတဲ့သူတွေမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယူဆတယ်။

ကိုကျော်ကိုကိုဟာ တိုင်းပြည်ကို ကောင်းမွန်စေလိုတဲ့ စိတ်စေတနာနဲ့ လှုပ်ရှားဆောင်ရွက်နေသူ လူငယ်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်ကြောင်း၊ သူလှုပ်ရှားနေတဲ့ ကိစ္စတွေဆိုတာလည်း တိုင်းပြည်အတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ကြောင်း၊ ကိုမင်းနိုင်က ပြောပါတယ်။

ကိုကျော်ကိုကိုဟာ စီးပွားရေးတက္ကသိုလ် မဟာဝိဇ္ဇာတန်း ကျောင်းသားတဦးဖြစ်ပြီး မတ်လ ၁၆ ရက်နေ့က ကျောင်းသားခေါင်းဆောင် နောက်တဦးဖြစ်တဲ့ ကိုဉာဏ်လင်းအောင်နဲ့အတူ အဖမ်းခံခဲ့ရပါတယ်။ သူတို့ ၂ ဦးဟာ မနှစ်က သြဂုတ်လက ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗကသ အဖွဲ့ချုပ် ခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့ပြီး စက်တင်ဘာ သံဃာ့ အရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ လူငယ်တွေဖြစ်ပါတယ်။


Tuesday, March 18, 2008

aung way poem for Bakatha Kyaw Ko Ko



ဗကသ ကျော်ကိုကိုသို့ …
အောင်ဝေး

မာပြည်လုံးနီ
ကဒေါင်း ခွပ်ဒေါင်း တွန်သံချီ
နစ်ပြောင်းတော့မည်။ ။

(အဖမ်းဆီးခံ ဗကသ ကျောင်းသားခေါင်းဆောင်များသို့ ...)
ref: http://drlunswe.blogspot.com/


kyaw ko ko in NEJ


ပုန်းအောင်းနေသည့် ဗကသ ခေါင်းဆောင် (၂) ဦး ဖမ်းဆီးခံရ
ပီတာအောင်/ ၁၈ မတ် ၂၀၀၈ khitpyaing.org
http://www.khitpyaing.org/news/march_08/18-3-08c.php

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုဉာဏ် လင်းအောင်တို့ကို နအဖစစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဗကသ နိုင်ငံခြားရေးရာကော်မတ်ီက ကြေညာသည်။

ဗကသ နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ ကိုမင်းနိုင် က “ (၁၆) ၇က်နေ့ ညပိုင်းမှာ ကိုကျော်ကိုကို ကို သူ ပုန်းနေတဲ့အိမ်မှာ ၀င်ဖမ်းသွားတယ်။ ကိုဉာဏ်လင်းအောင်ကို အရင်မိတာ။ ဘယ်ကိုဖမ်းသွားတာလဲတော့ အတိအကျမသိရသေးဘူး။ နအဖက သူတို့ကို တောက်လျှောက်လိုက်ပြီးတော့ ဖမ်းဖို့ကြိုးစားခဲ့တယ်။ သူတို့ အဖမ်းမခံရဘဲ တိမ်းရှောင်နိုင်ခဲ့တယ်။ (၁၆) ရက်နေ့မှာတော့ အဖမ်းခံလိုက်ရတယ်” ဟု ပြောသည်။

ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ်မဟာဘွဲ့ ကျောင်းသားတဦးဖြစ်ပြီး ကိုဉာဏ်လင်းအောင်မှာ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်သည်။ ၎င်းတို့သည် ယမန်နှစ် သြဂုတ်က ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဗကသအဖွဲ့တွင် ခေါင်းဆောင်များအဖြစ် တာဝန်ယူ ထားပြီး စက်တင်ဘာအရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သူများ ဖြစ်သည်။

ကျောင်းသားအင်အားစုများကို ဖမ်းဆီးထောင်ချရုံဖြင့် ကျောင်းသားလှုပ်ရှားမှု ရပ်တန့်သွားမည် မဟုတ်ဘဲ မတရားသည့် စစ်အာဏာရှင်များကို ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဟု ဗကသ နိုင်ငံခြားရေးရာကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

ကိုမင်းနိုင်က “နအဖစစ်အုပ်စုကတော့ သူ့အာဏာကို ထိပါးမယ်ထင်လို့ရှိရင် ဘယ်သူ့ကိုမှ ညှာတာမှာမဟုတ်ဘူး။ ဖမ်းဖို့ဆီးဖို့ အမြဲတမ်းကြိုးစားနေမှာပဲ။ ဒါပေမယ့် ဘယ်လိုပဲ ကြိုးစား ကြိုးစား လူငယ်မျိုးဆက်ဆိုတာ အဆက်ပြတ်သွားတာမဟုတ်ဘူး။ ကျောင်းသားမျိုးဆက်ဆိုတာ ဆက်ပြီးရှိနေဦးမှာပဲ။ တဗိုလ်ကျတဗိုလ်တက်ပေါ့။ လက်ဆင့်ကမ်းပြီး ဒီတာဝန်ကို ဆက်ပြီးယူသွားကြမှာပဲ” ဟု ပြောသည်။

စစ်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းရာ၌ နာမည်ကြီးပြီး ဖမ်းဆီးပြီးနောက် စစ်ကြောရေးကာလတွင် အဆိုးရွားဆုံး ဆက်ဆံလေ့ရှိသဖြင့် ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင်နှစ်ဦးအတွက် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း(မြန်မာနိုင်ငံ)က ယနေ့ ထုတ်ပြန်ကြေညာသည်။ ။