Monday, March 17, 2008

kyaw ko ko & nyan linn aung were arrested

ဗကသ ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီး
DVB နော်စေးဖော ၁၇-၃-၂ဝဝ၈

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုကျော်ကိုကိုနဲ့ ကိုဥာဏ်လင်းအောင်တို့ မနေ့ညက အဖမ်းခံရတယ်လို့ ဗကသပြောခွင့်ရသူ ကိုလင်းထက်နိုင်က ပြောပါ တယ်၊ ဘယ်နေရာမှာ အဖမ်းခံရတယ်ဆိုတာတော့ ပြောဖို့ ကိုလင်းထက်နိုင်က ငြင်းဆန်ပါတယ်၊ ဒီလ ၁၃ ရက် ညမှာလည်း မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ကိုကျော်ကျော်ကို အာဏာပိုင်တွေက ဖမ်းသွားတယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်၊ ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ နအဖစစ်အစိုးရကို ကိုလင်းထက်နိုင်က ပြစ်တင်ဝေဖန်ပါတယ်၊ “ဒီလိုဖမ်းဆီးနေရုံနဲ့တော့ ကျနော်တို့သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို နှစ်ဦးနှစ်ဖက် အဆင်ပြေပြေ ရောက်မှာ မဟုတ်ဘူးဆိုတာကို ကျနော်ပြောချင်တယ်”

No comments: